Quantcast
Channel: KiKi-Idiotlove
Viewing all articles
Browse latest Browse all 32

အမှတ်တရ ကုသိုလ်တခု

$
0
0
နှစ်သစ်မင်္ဂလာပါ မိတ်ဆွေအပေါင်းတို့ ။

နေမကောင်း ၊ နက်မကောင်းလို့  လိုင်းမဝင်ရ ၊ ဖဘ အိမ်လည်မထွက်ဖြစ်တာ ၂ရက်ရှိသွားပြီ။

 နှစ်ဟောင်းကုန်ခါနီး ပြုခဲ့တဲ့ ဒါနကုသိုလ်လေးတခုကို ပြန်လည်အမှတ်ရရင်း နှစ်သစ်ကို ကြိုဆို လိုက်ပါတယ်။

၂၉၊၁၁၊၂၀၁၃ မနက်စောစော ၆နာရီ၁၅မိနစ်... စုရပ်မှာ ဆုံကြ ၊ ပြီးခဲ့တဲ့ ၂ခေါက် တုံးက နေမကောင်းလို့  မလိုက်ဖြစ်တဲ့ စေတနာ့ဝန်ထမ်း ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသမှု အဖွဲ့ နဲ့အတူ လုပ်အားပေး ခရီးတိုလေး ထွက်ဖြစ်တယ်။ စိတ်တူ ဝါသနာတူ မောင်နှမ တစု ဒီတခေါက်တော့ ဥက္ကံမြို့နယ်အတွင်းမှာရှိတဲ့ ဗျာဒ ရှေးဘုရားကြီးဝိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှာ စုစည်းရောက်ရှိနေကြတဲ့ ကျေးရွာသူ ရွာသား များကို ကျန်းမာရေး စစ်ဆေး ကုသပေးခဲ့ကြတယ် ။





အခြေခံ ကျန်းမာရေးအသိပေးခြင်း ဆီးချို သွေးတိုး ရောဂါများ အကြောင်း ပြောကြား ဆွေးနွေးခဲ့ကြတယ် ။သွေးပေါင်ချိန်ပေးခြင်း၊ သွေးချို ပမာဏ တိုင်းပေးခြင်း စသဖြင့် စစ်ဆေးပေးခဲ့ကြတယ်။ခြေဖျား လက်ဖျားတွေ ထုံကျင်နေပြီး ရေငတ် ဆီးများ ခေါင်းမူး နေတဲ့လူလတ်ပိုင်း အမျိုးသမီးတဦးဆိုရင် သူ့ မှာ ဆီးချိုရောဂါ မရှိပါဘူးလို့  သူ့ ကိုယ်သူ ကောက်ချက်ချထားတာ၊ စိတ်မချလို့ ပါလာတဲ့ စက်ကလေးနဲ့ double check လုပ်ကြည့်တာ သွေးချိုပမာဏ အရမ်းတက်နေလို့ မြို့ နယ် ပြည်သူ့ ဆေးရုံမှာ ကုသဖို့ လွှဲပြောင်းပေးခဲ့ရတယ်။  

ကလေးငယ်တဦးမှာလည်း ချော်လဲလို့  လက်ကောက်ဝတ်အရိုးကျိုးခြင်း လက္ခဏာပြတဲ့အတွက် ရှေးဦးသူနာပြု ပြုစုနည်းနဲ့ပဲ ရှိတဲ့ ဆေးဘူးကပ်ထူပြားကို အနေတော် ခေါက်ချိုးပြီး ပတ်တီးစည်း splint သဘောမျိုးစည်းပေးပြီး ဆေးရုံမှာ လိုအပ်သလို ဆက်ကုဖို့  လွှဲပေးခဲ့ရတယ် ။ လောလောဆယ်ကိုယ်တွေ မတတ်နိုင်တဲ့ အရာတွေဆိုတော့ လိုအပ်သလို လွှဲပြောင်းပေးရတာပေါ့လေ။ လူနာအကျိုးအတွက်မဟုတ်လား။ ဒီလိုပဲ လူထုအကျိုးအတွက် တိုးတက်ရေးအတွက် လုပ်ရည်ကိုင်ရည်ရှိတဲ့သူလက်ထဲ လွှဲအပ်ဖို့ လိုမယ် ထင်တာပါပဲ။ ငါသာလျှင် ဆရာကြီးဝါဒနဲ့ အတင်းတွယ်ကပ်နေလို့  မသင့်တော်ဘူးပေါ့လေ။ပြောရင်းဆိုရင်း အနှောင့်အသွားမလွတ်တာတွေ ပါလာပြန်ပြီ။ လိုရင်းပဲ ဆက်ပြောပ့ါမယ်။

 လူနာစဲသွားတဲ့အချိန် နေ့လည် တနာရီခွဲ မှာ ဗိုက်ကလည်းဆာ ဘုန်းကြီးနဲ့ ရွာသာတွေ တည်ခင်းကျွေးမွေးတဲ့ ထမင်း ဟင်းကလည်း ကောင်းဆိုတော့ ကိုယ်တို့ အဖွဲ့ ခေါင်းမဖေါ်တမ်း စားလိုက်ကြတာ အားရပါးရပါပဲ။ တဦးကစေတနာ တဦးက မေတာ ဆိုတဲ့စကားသိပ်မှန်တာပဲလေ။လူနာ အဖွားတယောက်က သမီးလေးတို့ မျက်နှာကို မြင်လိုက်ရတော့ အမေကြီး ရောဂါ တဝက်သက်သာသွားပြီ ဆိုတဲ့ စကားကို နားနဲ့ ဆပ်ဆပ်ကြားလိုက်ရတာ ရင်ထဲ ပြောမပြတတ်တဲ့ ပီတိစိတ်လေး ဖြစ်ခဲ့မိတယ်။

 အရင်တုံးကဆို ဒီလို စကားလုံးမျိုးက ရုပ်ရှင်တို့  ဇာတ်လမ်းပမာတို့  စာအုပ်ထဲမှာတို့ပဲ ကြားခဲ့ ဖတ်ခဲ့ဖူးတာကိုး ။ အ ချိန်လင့်မစိုးလို့  နောက်ထပ်လာတဲ့ လူနာတွေကို အမြန်စုပြီး အုပ်စုခွဲကြည့်ပြီးသကာလ ၂နာရီ ခွဲခါနီးတော့ ဘိုးဘွားရိပ်သာလေးတခုဆီကို ဆက်လက် သွားပြီး အဘိုး အဘွား ၂၇ ဦးကို ကြည့်ရှု ဆေးပေးကုသ ခဲ့ကြပါတယ်။ 
 



 ဦးမောင်ရုံး နဲ့ ဒေါ်ရင်ဆိုတဲ့ တရုပ်ဇနီးမောင်နှံ၂ဦး စတင် ထူထောင်ခဲ့တဲ့ လူအိုရုံလေးဟာ အနီးပါတ်ဝန်းကျင်က ဘဝနေဝင်ချိန်မှာ ချို့ တဲ့စွာ ဖြစ်နေကြတဲ့ လူအိုများအတွက် အားကိုး ခိုလှုံစရာ ရိပ်သာလေးအဖြစ် တည်နေခဲ့တာ နှစ်ပေါင်းအတော်ကြာပါပြီ ။အဲဒါကြောင့် အဘိုး အဘွားများ အသုံးတည့်မည့် ဆေးဝါး အချို့  နဲ့ တနေ့စာ စားစရိတ်ကိုလည်း လှူဒါန်းခဲ့ကြပါတယ် ။ရိပ်သာက ပြန်လည်ပြုစုလိုက်တဲ့ ကော်ဖီ မုန့်  များ ကိုလည်း င်္ထုးစံ မပျက် ပျော်ရွှင်စွာ သုံးဆောင်ခဲ့ကြသပေါ့။ မြန်မာ့ ဓလေ့ အတိုင်း ရင်းနှီးစွာ စေတနာ ထက်သန်မှု ရှိကြပုံလေးတွေက ချစ်ဖို့ အလွန်ကောင်းတာပဲလေ။ ကိုယ့် မရှိ ရှိတာလေး ချကျွေးတတ်ကြ၊ ပကာသန မဖက် ရိုးသား ပျူငှာတတ်ကြပေသကိုး။ ကိုယ့်ကို ကျွေးလို့  ပြောတာ မဟုတ်ရကြောင်းပါ ။



 နောက်တဖန် ခရီးဆက်တာကတော့ အမည် မမှတ်မိတဲ့ ဘုန်းကြီးကျောင်း တဆောင်မှာ နေမကောင်းတဲ့ ဘုန်းဘုန်း ၄၊ ၅ ပါး နဲ့ လူအချို့ ကို ကြည့်ရှု ပေးခဲ့ကြတယ်။ ကိုယ်တို့ အဖွဲ့ထဲက အတက်ကြွဆုံး ဘုန်းဘုန်းတို့နဲ့ လျှောက်တင်စကားပြောရာမှာ အပြေပြစ်ဆုံးကတော့ ဒေါက်တာဒေါ်ကြူကြူဝင်းပါ ။ သူဟာ မြန်မာပြည်ဖွား ဘာသာခြား တဦးဖြစ်ပေမဲ့ ဘုန်းကြီး၊ ဘုရား များမှာ ရှိခိုးကန်တော့လေ့မရှိပေမဲ့ ကာလ ဒေသ လိုက်လျောညီထွေ နေထိုင် ကျင့်ကြံ တတ်ပါတယ်။ ဒီအချက်ကို ကြည့်ပြီး အခု လူတိုင်းနီးပါးနဲ့ ရှော့ ရှိနေတဲ့ သူတို့  ဘာသာဝင်တွေ ထဲ မှာလည်း လူသားဆန်သူတွေ ရှိနေသေးပါလားလို့  အသိအမှတ် ပြုမိပါတယ်။ 








 လူနာတွေကို ကြည့်ပြီး ချိန်က ညနေ ၅ နာရီထိုးခါနီးပေါ့ ။ အကယ်ဒမီ လိုက်ဖ်ရှိုး ကြည့်ဖို့ အားခဲထားကြတဲ့ အဖွဲ့ သားတွေလည်း အိမ်ကို အမြန်ပြန်ရောက်ချင်ကာမှ ကားလမ်းပိတ်တာကို မနည်း သည်းခံပြီး ကားပေါ်မှာ အိပ်ချင်ပြေ အချဉ်ထုတ်စားကြ အချိန်ကုန်မြန်တယ်ထင်ရအောင် စကားဝိုင်း ဖွဲ့ကြနဲ့ ပျော်စရာကြီးပါပဲ။ ဒီနှစ် အကဲဒမီ မှာ ဘယ်သူ ဘယ်ဝါ ရမယ် စသဖြင့် ကိုယ့်အကြိုက် သူ့ အကြိုက် အကြိတ်အနယ်ဆွေးနွေးနေလိုက်ကြတာ ကိုယ့်တယောက်ထဲ တေမိ ဖြစ်လို့ ၊ အကြောင်းရင်းကတော့ အဲဒီတစ်ကြိုကားတွေ တကားမှ ကိုယ်မကြည့်ဖူးပဲကိုး ။နောင်ဆို လူဝင်ဆန့်အောင် မြန်မာ ဇာတ်ကားတွေ မလွတ်တမ်း ကြည့် ရ မလို ဖြစ်နေတယ်။ 




ဟုတ်သေးပါဘူးလေ ၊ မကြည့်ဖြစ် တာလည်း တမျိုးကောင်းပါတယ် ။ ဒေါမနဿစိတ်တွေ မဖြစ်ရတော့ဘူးပေါ့ ။ အိမ်ပြန်ရောက်တော့ ည ၇ နာရီ ထိုး တော့မယ် ။ခွက်လန် အဲ လက်ပံ ဥ အဖွေးသားနဲ့ ကိုဇော် အမြှီးဖျားလေးတော့ တွေ့ လိုက် မြင်လိုက် ရပါသေးသကွယ် ။ အစိုလိုလို အခြောက်လိုလို ဝတ်ဆင် ပြင်ဆင် ထားကြသူတွေ နဲ့  အရူး အပေါ ရန်ဖြစ် စရိုက် သရုပ်ဖေါ်ကားအများစုက ဆု တွေ ရ သွားမှန်း သိလိုက်ရပြီး မြင်လိုက်ရ ပြီး တဲ့ အချိန်မှာတော့ ကုသိုလိဖြစ် ဆေးကုထွက်ကြတာ အကျိုှးရှိကြောင်း မှန်ကန်ကြောင်း ထပ်လောင်း အတည်ပြုမိလိုက်ပါတော့တယ် ။ကြုံလို့ ပြောမိတဲ့ ကြုံပြောလေးတွေတချို့ ကြောင့် စိတ်အခန့်မသင့် ဖြစ်သွားမိရင် သည်းခံတော်မူကြပါကုန်။နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး ဘေးဘယာဝေးကွာ လိုရာ ဆန္ဒ ပြည့်ဝကြပါစေ ကိုယ့်မိတ်ဆွေတို့ ။

Viewing all articles
Browse latest Browse all 32

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ